ဆိုးလ်၊ အောက်တိုဘာ ၂၈ ရက်

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ Jeongdong 1928 Art Center ၌ ကျင်းပသည့် ရာသီဥတုအကျပ်အတည်း တုံ့ပြန်ဖြေရှင်းရေးဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု (2026 Seoul Conference on Climate Crisis Response) ညီလာခံသို့ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး တက်ရောက်ခဲ့ပါသည်။
အဆိုပါညီလာခံသို့ ကိုရီးယားသမ္မတနိုင်ငံ၏ ဝန်ကြီးချုပ် H.E. Han Seong-sook၊ Ambassador for Global Climate and Environment H.E. Kang Kumsil၊ ကိုရီးယားသမ္မတနိုင်ငံ အခြေစိုက်သံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည် တော်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ပြည်တွင်းပြည်ပ ပညာရှင် များစွာ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ကိုရီးယားသမ္မတနိုင်ငံ၏ ဝန်ကြီးချုပ် H.E. Han Seong-sook၊ H.E. Kang Kumsil နှင့် Chair of the United Kingdom’s Climate Change Committee (CCC) Mr. Nigel Topping HMG နှင့် Chair, Intergovernmental Panel on Climate Change (IPCC) Professor Sir Jim Skea တို့မှ အဖွင့်အမှာစကားပြောကြားခဲ့ရာ ဝန်ကြီးချုပ် Han Seong-sook မှ “ရာသီဥတုပြောင်းလဲမှုသည် ယနေ့ လူသားတို့၏ အသက်အိုးအိမ်စည်းစိမ်ကို တိုက်ရိုက် ခြိမ်းခြောက်နေသည့် ဘေးအန္တရာယ်ဖြစ်ကြောင်း” သတိပေးပြောကြားခဲ့ပါသည်။
ညီလာခံတွင် ပြည်သူများ မူဝါဒ၌ ပူးပေါင်းဆောင်ရွက်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တိုး မြှင့်ရေး၊ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး၊ နည်းပညာနှင့် ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးနှင့် COP31 အတွက် ကြိုတင် ပြင်ဆင်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

Chargé d’Affaires a.i./Ambassador of the Myanmar Embassy in Seoul Attends the 2026 Seoul Conference on Climate Crisis Response

Seoul, October 28

On October 28, 2026, the Chargé d’Affaires a.i./Ambassador of the Myanmar Embassy in Seoul attended the 2026 Seoul Conference on Climate Crisis Response, held at the Jeongdong 1928 Art Center in Seoul, Republic of Korea.
The conference was attended by Prime Minister H.E. Han Seong-sook of the Republic of Korea; H.E. Kang Kumsil, Ambassador for Global Climate and Environment; Ambassadors from Embassies based in the Republic of Korea; Embassy officials; invited guests; representatives of international organizations; and many domestic and international experts.
At the event, opening remarks were delivered by Prime Minister H.E. Han Seong-sook; H.E. Kang Kumsil; Mr. Nigel Topping HMG, Chair of the United Kingdom’s Climate Change Committee (CCC); and Professor Sir Jim Skea, Chair of the Intergovernmental Panel on Climate Change (IPCC). Prime Minister Han Seong-sook warned that “climate change is a danger that is directly threatening people’s lives and property today.”
It is learned that the conference focused mainly on public participation in policy, expansion of renewable energy, reduction of carbon emissions, cooperation on technology and finance, and advance preparations for COP31.