ဆိုးလ်၊ နိုဝင်ဘာ ၂၁ ရက်
မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုးမြင့်မောင်နှင့် ဇနီး၊ ဝန်ထမ်းများနှင့် မိသားစုများက ကထိန်သင်္ကန်း ဆပ်ကပ်လှူဒါန်းခြင်းကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့၊ နံနက်ပိုင်းတွင် ဆိုးလ်မြို့ရှိ Samata & Vipassana Meditation Center တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဆရာတော် ဥူးသီလထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။
အဆိုပါ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆူဝမ် (Suwon) မြို့၌ ကျင်းပပြုလုပ်မည့် ကထိန်သင်္ကန်းကပ်လှူပွဲတွင် ထည့်သွင်းလှူဒါန်းသွားမည်ဖြစ်ပါသည်။
အဂတိလိုက်စားမှုများ တိုင်ကြားနိုင်ရန်
