(၁၆-၁၁-၂၀၂၆ ရက်၊ ဆိုးလ်)

ကိုရီးယားသမ္မတနိုင်ငံ၊ Jeonju မြို့၌ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ASEAN-ROK Cultural Heritage Regional Cooperation Network အစည်းအဝေးကို Korea Heritage Service နှင့် UNESCO အဖွဲ့အစည်း၏ International Information and Networking Centre for Intangible Cultural Heritage in the Asia-Pacific Region – ICHCAP တို့က ပူးတွဲကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများနှင့် ဘာသာရပ်ကျွမ်းကျင်သူ သုတေသနပညာရှင်များနှင့် ပါမောက္ခများ ပါဝင်တက် ရောက်ခဲ့ကြပြီး မြန်မာသံရုံးကိုယ်စားလှယ် သံမှူး ဒေါ်သွယ်သွယ်အောင် တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးအတွင်း ဆိုးလ်မြို့အခြေစိုက် အာဆီယံသံရုံးများမှ ကိုယ်စားလှယ်များက သက်ဆိုင်ရာနိုင်ငံအလိုက် ယဉ်ကျေးမှုအမွေအနှစ်များနှင့် ခရီးသွားလာရေးလုပ်ငန်းများနှင့် ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ကြပါသည်။ ၎င်းနောက် ကိုရီးယားသမ္မတနိုင်ငံရှိ တက္ကသိုလ်များမှ ဘာသာရပ်ကျွမ်းကျင်ပါမောက္ခများက အာဆီယံနိုင်ငံများနှင့်ပတ်သက်၍ ယဉ်ကျေးမှုအမွေအနှစ် များနှင့် ရိုးရာဓလေ့ထုံးတမ်းများကို ဆွေးနွေးတင်ပြခဲ့ကြပါသည်။
အစည်းအဝေးကျင်းပရခြင်းရည်ရွယ်ချက်မှာ အာဆီယံနိုင်ငံများနှင့် ကိုရီးယားသမ္မတ နိုင်ငံတို့အကြား သမိုင်းကြောင်း၊ ရိုးရာဓလေ့၊ ယုံကြည်မှု၊ အနုပညာနှင့် လူမှုဘဝဆိုင်ရာ ဆက်နွှယ်မှုများမှတစ်ဆင့် မျှဝေပိုင်ဆိုင်ထားသည့် ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ် သတ်မှတ်ရန် ဖြစ်ပါသည်။ အစည်းအဝေးအတွင်း မြန်မာကိုယ်စားလှယ်က “ How to promote Korea-Myanmar Cultural Heritage Cooperation” ခေါင်းစဉ်ဖြင့် ရိုးရာယဉ်ကျေးမှု အမွေ အနှစ်များကိုအခြေခံ၍ ခရီးသွားလာရေးလုပ်ငန်းများမြှင့်တင်လျက်ရှိသည့် အခြေအနေများနှင့် မြန်မာနိုင်ငံ၊ ပုဂံရှိ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များမှတစ်ဆင့် ခရီးသွားလာရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ နောင်အနာဂတ်တွင် နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်နိုင်မည့် ခရီးသွားလာရေးလုပ်ငန်းများအပါအဝင် အခြားသောယဉ်ကျေးမှု ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

Myanmar Embassy in Seoul Attends “ASEAN-ROK Cultural Heritage Regional Cooperation Network Meeting” in Jeonju, the Republic of Korea

(16-11- 2026, Seoul)

The “ASEAN-ROK Cultural Heritage Regional Cooperation Network Meeting,” held on 13 November 2026 in Jeonju, the Republic of Korea, was jointly organized by the Korea Heritage Service and the International Information and Networking Centre for Intangible Cultural Heritage in the Asia-Pacific Region (ICHCAP), UNESCO.
The meeting was attended by relevant officials, cultural heritage specialists, researchers, and academics; with Daw Thwe Thwe Aung, Counsellor od the Myanmar Embassy in Seoul, participating as the representative of Myanmar.
During the meeting, representatives from ASEAN embassies in Seoul delivered presentations and exchanged views on the cultural heritage and tourism sectors of their respective countries. This was followed by presentations from professors and experts from Korean Universities, who provided the cultural heritage and traditional customs of ASEAN nations.
The purpose of the meeting was to explore the cultural heritage between ASEAN member states and the Republic of Korea, rooted in historical, traditional, religious, artistic, and social connections. During the meeting, the Myanmar representative discussed the promotion of tourism based on traditional cultural heritage, entitled “How to Promote Korea-Myanmar Cultural Heritage Cooperation”. In particular, she provided an overview of current efforts to boost tourism through the traditional cultural heritage sites in Bagan, Myanmar, as well as potential future collaborations between the two nations in the tourism development and other areas of cultural cooperation.