Print

မြန်မာနိုင်ငံသားအဖြစ်မှ စွန့်လွှတ်ခြင်း


၁။ ကိုရီးယားသမ္မတနိုင်ငံ၌ နေထိုင်လျက်ရှိသော မြန်မာနိုင်ငံသားများအနေဖြင့် အကြောင်း အမျိုးမျိုးကြောင့် မြန်မာနိုင်ငံသားအဖြစ်မှ စွန့်လွှတ်မည်ဆိုပါက မြန်မာသံရုံး၊ ဆိုးလ်မြို့သို့ အောက်ဖော်ပြပါ စာရွက်စာတမ်းများအား ပြန်လည်အပ်နှံပူးတွဲတင်ပြရမည်ဖြစ်ပါသည်-

 

၂။ ကိုရီးယားနိုင်ငံသားနှင့် လက်ထပ်ထားပြီး မြန်မာသံရုံး၊ ဆိုးလ်မြို့၌ အပြန်လေယာဉ်စရိတ် ပေးသွင်းထားသည့် မြန်မာအမျိုးသမီးများအနေဖြင့် နိုင်ငံသားစွန့်လွှတ်ရာတွင် အပြန်လေယာဉ် စရိတ်အား ပြန်လည်ထုတ်ယူနိုင်ရေး လျှောက်ထားနိုင်ပါသည်။


၃။ အပြန်လေယာဉ်စရိတ် ထုတ်ယူနိုင်ရေးလျှောက်ထားမည်ဆိုပါက လျှောက်လွှာနှင့်အတူ အပြန်လေယာဉ်စရိတ်ပေးသွင်းထားကြောင်း ပြေစာမူရင်းအား ပူးတွဲတင်ပြရမည်။