Print

မြန်မာနိုင်ငံကူးလက်မှတ်ပျောက်ဆုံး/ပျက်စီးခြင်းများအတွက် အသစ်လျှောက်ထားခြင်း

 

၁။ ကိုရီးယားသမ္မတနိုင်ငံ၌ တရားဝင်နေထိုင်လျက်ရှိသော မြန်မာနိုင်ငံသားများ၏ နိုင်ငံကူး လက်မှတ်များ ပျောက်ဆုံး/ပျက်စီးမှုများအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့၌ အသစ်ပြန်လည် လျှောက်ထားနိုင်ပါသည်။ မြန်မာသံရုံး၊ ဆိုးလ်မြို့၌ မြန်မာနိုင်ငံကူးလက်မှတ် အသစ်လျှောက်ထား ခြင်းအတွက် လျှောက်လွှာများကို ရုံးဖွင့်ရက်(ဝ၉:ဝဝ) နာရီမှ (၁၇:ဝဝ) နာရီထိ ကာယကံရှင် ကိုယ်တိုင်လာရောက်လျှောက်ထားနိုင်ပါသည်။

 

၂။ မြန်မာနိုင်ငံကူးလက်မှတ် ပျက်စီး/ပျောက်ဆုံး လျှောက်ထားခြင်းအတွက် မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးအဖွဲ့သို့ တင်ပြလမ်းညွှန်မှုခံယူရပြီး မြန်မာ့နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး အဖွဲ့၏ ခွင့်ပြုချက်ရရှိမှသာလျှင် ပြန်လည်ထုတ်ပေးနိုင်ပါသည်။ မြန်မာနိုင်ငံကူးလက်မှတ်အသစ် ထုတ်ယူပြီးသူများအနေဖြင့် မြန်မာနိုင်ငံကူးလက်မှတ်အသစ် စတင်ထုတ်ပေးသည့်ရက်မှစတင်၍ (၁၄)ရက်အတွင်း သက်ဆိုင်ရာကိုရီးယားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးရုံးများ (Immigration Office) သို့ ဆက်သွယ်အကြောင်းကြားရန် လိုအပ်ပါသည်။ (နိုင်ငံကူးလက်မှတ်အသစ်ထုတ်ယူပြီးကြောင်း လူဝင်မှုကြီးကြပ်ရေးရုံးများသို့ (၁၄) ရက်အတွင်း အကြောင်းကြားရန်ပျက်ကွက်ပါက ကိုရီးယား လူဝင်မှုကြီးကြပ်ရေးရုံးသို့ သတ်မှတ်ဒဏ်ကြေးများ ပေးဆောင်ရမည်ဖြစ်ပါသည်။)

 

၃။ မြန်မာသံရုံး၊ ဆိုးလ်မြို့၌ မြန်မာနိုင်ငံကူးလက်မှတ် ပျက်စီး/ပျောက်ဆုံးလျှောက်ထားရန် လိုအပ်သည့်စာရွက်စာတမ်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-


(က) (E-9, E-7 ဗီဇာကိုင်ဆောင်သူများ)


(ခ) (D-2 ,D-4, D-10ဗီဇာကိုင်ဆောင်သူများ)


(ဂ) (F-6 ဗီဇာကိုင်ဆောင်သူများ)


(ဃ) (F-2ဗီဇာ) ကိုင်ဆောင်ထားသူများနှင့်အခြားဗီဇာကိုင်ဆောင်ထားသူများ

 

(င) မြန်မာနိုင်ငံသား မိဘနှစ်ပါးမှမွေးဖွားသော ကလေးများအတွက် နိုင်ငံကူးလက်မှတ် လျှောက်ထားခြင်း