Print

မြန်မာနိုင်ငံကူးလက်မှတ်သက်တမ်းတိုးအသစ်လျှောက်ထားခြင်း

 

၁။ ကိုရီးယားသမ္မတနိုင်ငံ၌ တရားဝင်နေထိုင်လျက်ရှိသော မြန်မာနိုင်ငံသားများ၏ နိုင်ငံကူး လက်မှတ်များ သက်တမ်းတိုးခြင်းအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့၌ သက်တမ်းတိုးလျှောက်လွှာပုံစံ များကို ရုံးဖွင့်ရက် နံနက် (ဝ၉:ဝဝ) နာရီမှ နေ့လယ် (၁၂:ဝဝ) နာရီအထိလက်ခံပြီး မြန်မာနိုင်ငံကူး လက်မှတ်အသစ်များအား (၁၆:ဝဝ) နာရီမှ (၁၇:ဝဝ) နာရီအတွင်း ပြန်လည်ထုတ်ပေးပါသည်။ မြန်မာနိုင်ငံကူးလက်မှတ်များ သက်တမ်းကုန်ဆုံးခြင်းအတွက် သက်တမ်းတိုး၍ (၅)နှစ်သက်တမ်းရှိ သည့် နိုင်ငံကူးလက်မှတ် အသစ်များပြန်လည်ထုတ်ပေးပါသည်။

 

၂။ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန်အတွက် သက်တမ်းမကုန်ဆုံးမီ (၆)လအလို၌ ကြိုတင် လျှောက်ထားနိုင်ပါသည်။ ကိုရီးယားသမ္မတနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ မြန်မာနိုင်ငံကူး လက်မှတ် သက်တမ်းတိုးပြီးပါက စတင်ထုတ်ပေးသည့်ရက်မှ (၁၄)ရက်အတွင်း သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးရုံး (Immigration Office) သို့ ဆက်သွယ်အကြောင်းကြားရမည်ဖြစ်ပြီး၊ ပျက်ကွက်ပါက ကိုရီးယားသမ္မတနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ သတ်မှတ်ဒဏ်ကြေးများ ပေးဆောင်ရမည်ဖြစ်ပါ သည်။

 

၃။ မြန်မာသံရုံး၊ ဆိုးလ်မြို့၌ မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးလျှောက်ထားရန် လမ်းညွှန် ချက်နှင့် လိုအပ်သည့်စာရွက်စာတမ်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-


(က) အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအစီအစဉ်ဖြင့် ကိုရီးယား သမ္မတနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်သူများ (E-9, E-7 ဗီဇာကိုင်ဆောင်သူများ)


(ခ) ကိုရီးယားသမ္မတနိုင်ငံ၌ ကျောင်းတက်ရောက်နေသူများ၊ အလုပ်အကိုင်ရှာဖွေနေသူများ (D- 2, D-4, D-10) ကိုင်ဆောင်ထားသူများ


(ဂ) ကိုရီးယားနိုင်ငံသားအားမှီခိုနေထိုင်သူများ (F-6 ဗီဇာကိုင်ဆောင်သူများ)


(ဃ) ကာလရှည်နေထိုင်ခွင့်ဗီဇာ (F-2ဗီဇာ) ကိုင်ဆောင်ထားသူများနှင့် အခြားဗီဇာကိုင်ဆောင် ထားသူများ