PDF
Print
E-mail
Relief Flight from USA to Myanmar on 2 August 2020

၁။ COVID-19 ကူးစက်ရောဂါကာလတွင်း၌ ပြည်ပနိုင်ငံများတွင် အခက်အခဲဖြစ်နေသော မြန်မာနိုင်ငံသားများအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ စီစဉ်သည့် အပတ်စဉ်ပုံမှန် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ပျံသန်း ပြေးဆွဲပေးနေသည့် ကယ်ဆယ်ရေးလေယာဉ်အပြင် မြန်မာသံရုံး၊ ဝါရှင်တန်ဒီစီနှင့် မြန်မာသံရုံး၊ ဆိုးလ်မြို့တို့ ညှိနှိုင်း၍ အထူးအစီအစဉ်အဖြစ် ၂-၈-၂၀၂၀ ရက်နေ့တွင် ကယ်ဆယ်ရေးလေယာဉ်တစ်စီး တိုးမြှင့်ပြေးဆွဲပေးခဲ့ပါသည်။ အဆိုပါလေယာဉ်၌ အမေရိကန်ပြည် ထောင်စုမှ မြန်မာနိုင်ငံသား (၇၀) ဦး၊ ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသား (၂၀) ဦးနှင် သင်္ဘောသား (၁၀) ဦးတို့စီးနင်းလိုက်ပါခဲ့ကြပြီး လေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်သို့ ၁၆:၄၅ နာရီတွင် ထွက်ခွာသွားခဲ့ပါသည်။

၂။ အဆိုပါလေယာဉ်ခရီးစဉ်၌ လိုက်ပါကြသည့် ခရီးသည်များ လေဆိပ်၌ အခက်အခဲတစ်စုံ တစ်ရာမရှိစေရန်အတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ ဝန်ထမ်းများသည် ယင်းနေ့တွင် လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ပါသည်။

 

Embassy of the Republic of Union of Myanmar

Hannam-daero 28 – gil 12, Yongsan-gu, Seoul, 04418.
Tel: (+82–2) 790 3814, 790 3815, 790 3816, (+82-10) 34582202
Fax: (+82-2) 790 3817
Email: seoul-embassy@mofa.gov.mm
http://www.meseoul.org

S5 Box

Register

*
*
*
*
*

Fields marked with an asterisk (*) are required.