PDF
Print
E-mail

မြန်မာနိုင်ငံသားများ မြန်မာသံရုံး၌ထိမ်းမြားလက်ထပ်ခြင်း

 

၁။ ကိုရီးယားသမ္မတနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသား အမျိုးသားနှင့် အမျိုးသမီး တို့အနေဖြင့် မြန်မာသံရုံး၊ဆိုးလ်မြို့၌ နှစ်ဦးသဘောတူ လက်ထပ်လက်မှတ် ရေးထိုးနိုင်ရေး လျှောက်ထားနိုင်ပါသည်။


၂။ သံရုံး၌လာရောက်လက်ထပ်ရန် လျှောက်ထားသူများအနေဖြင့် အောက်ဖော်ပြပါစာရွက် စာတမ်းများအား ပူးတွဲတင်ပြလျှောက်ထားရမည်-

  • ကိုယ်ရေးလျှောက်လွှာ(သတို့သားနှင့် သတို့သမီးတို့မှ လက်မှတ်ရေးထိုးထားရမည်။)
  • လျှောက်ထားသူနှစ်ဦး၏ ကိုယ်ရေးရာဇဝင်(သံရုံး၌လည်းကောင်း၊ အောက်တွင်ပါရှိသည့် Link ၌လည်းကောင်း ရယူနိုင်ပါသည်။)
  • လျှောက်ထားသူနှစ်ဦး၏ ကိုယ်ရေးမှတ်တမ်း (သံရုံး၌လည်းကောင်း၊ အောက်တွင်ပါရှိသည့် Link ၌ လည်းကောင်း ရယူနိုင်ပါသည်။)
  • ရောင်စုံဓါတ်ပုံ (၂) ပုံ (၆ လအတွင်း ရိုက်ကူးထားသောနောက်ခံအဖြူဓါတ်ပုံ၊ နားရွက်ပေါ်၍ မျက်နှာပေါ်တွင်ဆံပင်ဖုံးအုပ်ခြင်းမရှိစေရ၊အရွယ်အစား ၂”x၂”၊ နောက်ခံအဖြူ) (တစ်ပုံ အား ကိုယ်ရေးရာဇဝင်၌လည်းကောင်း၊ ကျန်တစ်ပုံအား စာရင်းရေးသွင်းသည့်စာအုပ်၌ လည်းကောင်း ကပ်ရမည်။)
  • လျှောက်ထားသူနှစ်ဦး၏ မြန်မာနိုင်ငံကူးလက်မှတ်မိတ္တူ
  • လျှောက်ထားသူနှစ်ဦး၏ မှတ်ပုံတင်မိတ္တူ
  • နှစ်ဖက်မိဘမှ နှစ်ဦးသဘောတူလက်မှတ်ရေးထိုးခြင်းအတွက် ကန့်ကွက်ရန်မရှိကြောင်း လက်မှတ်ရေးထိုးထားသည့် စာမူရင်း
  • လက်ထပ်မည့်သူနှစ်ဦး၏ မိဘ(သို့မဟုတ်) အုပ်ထိန်းသူမှ လက်ထပ်မည့်သူများသည် အိမ်ထောင်မရှိသူ၊ လူပျို/အပျို ဖြစ်ကြောင်း မြို့နယ်တရားရုံးတွင် ကျမ်းကျိမ်ထားသည့် ကျမ်းကျိမ်လွှာ
  • လက်ထပ်မည့်သူနှစ်ဦးအတွက် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ မြို့နယ်ရုံးမှ ရပ်ကွက် ထောက်ခံစာ
  • လက်ထပ်မည့်သူနှစ်ဦးအတွက် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းမှ ရဲစခန်း ထောက်ခံစာ
  • အိမ်ထောင်စုစာရင်းမိတ္တူ


မှတ်ချက်။ လိုအပ်ပါက သံရုံးမှ ထပ်မံတောင်းခံသည့် အထောက်အထားများအား တင်ပြရမည်။

 

Embassy of the Republic of Union of Myanmar

Hannam-daero 28 – gil 12, Yongsan-gu, Seoul, 04418.
Tel: (+82–2) 790 3814, 790 3815, 790 3816, (+82-10) 34582202
Fax: (+82-2) 790 3817
Email: seoul-embassy@mofa.gov.mm
http://www.meseoul.org

S5 Box

Register

*
*
*
*
*

Fields marked with an asterisk (*) are required.