PDF
Print
E-mail

မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (C of I) လျှောက်ထားခြင်း

 

၁။ ကိုရီးယားသမ္မတနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် တရားမဝင်နေထိုင်ခဲ့ပြီးမြန်မာနိုင်ငံသို့ အပြီးပြန်လည်ထွက်ခွာလိုသည့် မြန်မာနိုင်ငံသားများ၊ မြန်မာနိုင်ငံကူးလက်မှတ် ပျောက်ဆုံးသွား သည့် သင်္ဘောသားများ၊ တရားဝင်နေထိုင်သော်လည်း မြန်မာနိုင်ငံကူးလက်မှတ်ပျောက်ဆုံးသွားပြီး မြန်မာနိုင်ငံသို့အရေးပေါ်ပြန်ရန် လိုအပ်သူများအနေဖြင့် မြန်မာသံရုံး၊ ဆိုးလ်မြို့၌မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ်လျှောက်ထားနိုင်ပါသည်။ မြန်မာသံရုံး၊ ဆိုးလ်မြို့၌ မည်သူမည်ဝါ ဖြစ်ကြောင်းသက်သေခံလက်မှတ် လျှောက်ထားခြင်းအတွက် သံရုံးသို့လူကိုယ်တိုင်လာရောက်၍ ရုံးဖွင့်ရက်(ဝ၉:ဝဝ) နာရီမှ (၁၇:ဝဝ) နာရီထိ လျှောက်ထားနိုင်ပါသည်။

 

၂။ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် လျှောက်ထားခြင်းအတွက် မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးအဖွဲ့သို့ တင်ပြလမ်းညွှန်မှုခံယူရပြီး မြန်မာ့နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး အဖွဲ့၏ ခွင့်ပြုချက်ရရှိမှသာလျှင် မြန်မာသံရုံး၊ ဆိုးလ်မြို့မှထုတ်ပေးပါမည်။ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်၏သက်တမ်းမှာ ထုတ်ပေးရက်စွဲမှ စတင်၍(၁၀) ရက်သာဖြစ်ပါသည်။

 

၃။ မြန်မာသံရုံး၊ ဆိုးလ်မြို့၌ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် လျှောက်ထားခြင်း အတွက် လမ်းညွှန်ချက်နှင့် လိုအပ်သည့်စာရွက်စာတမ်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-


(က) ကိုရီးယားသမ္မတနိုင်ငံတွင် တရားမဝင်နေထိုင်ခဲ့ပြီး မြန်မာနိုင်ငံသို့အပြီးပြန်လည် ထွက်ခွာ လိုသည့် မြန်မာနိုင်ငံသားများ

  • ကိုယ်ရေးလျှောက်လွှာ
  • ကိုယ်ရေးရာဇဝင်(သံရုံး၌လည်းကောင်း၊ အောက်တွင်ပါရှိသည့် Link ၌လည်းကောင်း ရယူနိုင်ပါသည်။)
  • ကိုယ်ရေးမှတ်တမ်းထိန်းသိမ်းရေးပုံစံ (သံရုံး၌လည်းကောင်း၊ အောက်တွင်ပါရှိသည့် Link ၌ လည်းကောင်း ရယူနိုင်ပါသည်။)
  • မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်ပုံစံ (သံရုံး၌လည်းကောင်း၊ အောက်တွင်ပါရှိသည့် Link ၌လည်းကောင်း ရယူနိုင်ပါသည်။)
  • ရောင်စုံဓါတ်ပုံ(၃)ပုံ (၆ လအတွင်း ရိုက်ကူးထားသောနောက်ခံအဖြူဓါတ်ပုံ၊ နားရွက်ပေါ်၍ မျက်နှာပေါ်တွင်ဆံပင်ဖုံးအုပ်ခြင်းမရှိစေရ၊အရွယ်အစားအရွယ်အစား35mm x45mm) (တစ်ပုံအား ကိုယ်ရေးရာဇဝင်၌လည်းကောင်း၊ တစ်ပုံအား ပူးတွဲဖောင်ပုံစံ၌ လည်းကောင်း၊ ကျန်တစ်ပုံအား စာရင်းရေးသွင်းသည့်စာအုပ်၌လည်းကောင်းကပ်ရမည်။)
  • နိုင်ငံကူးလက်မှတ်မူရင်း (မူရင်းမရှိပါက မိတ္တူပူးတွဲတင်ပြရမည်။)
  • မှတ်ပုံတင်မိတ္တူ
  • မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ မြို့နယ်ရုံးမှ ရပ်ကွက်ထောက်ခံစာ
  • မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းမှ ရဲစခန်းထောက်ခံစာ
  • အိမ်ထောင်စုစာရင်းမိတ္တူ
  • မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်ခ (ဝမ် ၃၀,ဝဝဝ)
  • ကိုရီးယားသမ္မတနိုင်ငံမှ ထုတ်ပေးထားသည့် ID ကတ်မိတ္တူ
  • ၃၁-၁၂-၂၀၁၂ ရက်နေ့အထိ အခွန်များအကျေပေးဆောင်ပြီးကြောင်းပြေစာ (ဝင်ငွေခွန် ပေးဆောင်ရန် ကျန်ရှိသူများအတွက် ၂၀၁၁ ခုနှစ်၊ သြဂုတ်လအထိတစ်လလျှင်ဝမ် ၃၆,ဝဝဝ/-နှုန်းဖြင့် ပေးဆောင်ရမည်ဖြစ်ပြီး ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလမှ ဒီဇင်ဘာလအထိတစ်လလျှင် ဝမ် ၇,၂၀ဝ/- နှုန်းဖြင့်ပေးဆောင်ရမည်ဖြစ်ပါသည်။ ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ ဝင်ငွေ ခွန် ကင်းလွတ်ခွင့်ရရှိပါသည်။)
  • ဖြည့်စွက်ရမည့်ပုံစံများဤနေရာတွင် ရယူရန်


(ခ) သင်္ဘောသားများ

  • ကိုယ်ရေးလျှောက်လွှာ
  • ကိုယ်ရေးရာဇဝင်(သံရုံး၌လည်းကောင်း၊ အောက်တွင်ပါရှိသည့် Link ၌လည်းကောင်း ရယူနိုင်ပါသည်။)
  • ကိုယ်ရေးမှတ်တမ်းထိန်းသိမ်းရေးပုံစံ(သံရုံး၌လည်းကောင်း၊ အောက်တွင်ပါရှိသည့် Link ၌လည်းကောင်း ရယူနိုင်ပါသည်။)
  • မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်ပုံစံ
  • ရောင်စုံဓါတ်ပုံ(၃)ပုံ (၆ လအတွင်း ရိုက်ကူးထားသောနောက်ခံအဖြူဓါတ်ပုံ၊ နားရွက်ပေါ်၍ မျက်နှာပေါ်တွင်ဆံပင်ဖုံးအုပ်ခြင်းမရှိစေရ၊အရွယ်အစား35mm x45mm) (တစ်ပုံအား ကိုယ်ရေးရာဇဝင်၌လည်းကောင်း၊ တစ်ပုံအား ပူးတွဲဖောင်ပုံစံ၌လည်းကောင်း၊ ကျန်တစ်ပုံ အား စာရင်းရေးသွင်းသည့်စာအုပ်၌လည်းကောင်း ကပ်ပေးရမည်။)
  • နိုင်ငံကူးလက်မှတ်မိတ္တူ
  • သင်္ဘောသားလက်မှတ် CDC မိတ္တူ
  • Landing Permit(Conditional Entry Permit) မူရင်း/မိတ္တူ
  • မှတ်ပုံတင်မိတ္တူ
  • မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ မြို့နယ်ရုံးမှ ရပ်ကွက်ထောက်ခံစာ
  • မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းမှ ရဲစခန်းထောက်ခံစာ
  • အိမ်ထောင်စုစာရင်းမိတ္တူ
  • ၃၁-၁၂-၂၀၁၂ ရက်နေ့အထိ အခွန်များအကျေပေးဆောင်ပြီးကြောင်းပြေစာ (ဝင်ငွေခွန် ပေးဆောင်ရန် ကျန်ရှိသူများအတွက် ၂၀၁၁ ခုနှစ်၊ သြဂုတ်လအထိ တစ်လလျှင် ဝမ် ၃၆,ဝဝဝ/- နှုန်းဖြင့် ပေးဆောင်ရမည်ဖြစ်ပြီး ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလမှ ဒီဇင်ဘာလအထိ တစ်လလျှင် ဝမ် ၇,၂၀ဝ/-နှုန်းဖြင့်ပေးဆောင်ရမည်ဖြစ်ပါသည်။ ၂၀၁၂ခုနှစ် ဇန်နဝါရီလမှ စတင်၍ ဝင်ငွေခွန် ကင်းလွတ်ခွင့်ရရှိပါသည်။)
  • ဖြည့်စွက်ရမည့်ပုံစံများဤနေရာတွင် ရယူရန်

 

မှတ်ချက်။ ကိုရီးယားသမ္မတနိုင်ငံတွင် တရားဝင်နေထိုင်လျက်ရှိသော်လည်း မြန်မာနိုင်ငံကူး လက်မှတ်ပျောက်ဆုံးပြီး မြန်မာနိုင်ငံသို့ အရေးပေါ်ပြန်ရန် လိုအပ်သူများအနေဖြင့် မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် လျှောက်ထားမည်ဆိုပါက အပိုဒ်(က) ပါ စာရွက်စာတမ်းများအပြင် ကိုရီးယားသမ္မတနိုင်ငံမှ ထုတ်ပေးထားသည့် ID ကတ်မူရင်း/မိတ္တူနှင့် အရေးပေါ်အခြေအနေဖြစ်ကြောင်း အထောက်အထား တစ်စုံတစ်ရာကိုပါ ပူးတွဲတင်ပြရမည်။

 

 

Embassy of the Republic of Union of Myanmar

Hannam-daero 28 – gil 12, Yongsan-gu, Seoul, 04418.
Tel: (+82–2) 790 3814, 790 3815, 790 3816, (+82-10) 34582202
Fax: (+82-2) 790 3817
Email: seoul-embassy@mofa.gov.mm
http://www.meseoul.org

S5 Box

Register

*
*
*
*
*

Fields marked with an asterisk (*) are required.